Friday, October 9, 2009

မာနရှင်လေး

လူတစ်ယောက်ရဲ့ နှလုံးသား
နက်ရှိုင်း ကျယ်ဝန်းလှတဲ့
အချစ်ဆိုတဲ့ စကားထဲမှာ
မျောလွင့်ခဲ့ပေါ့....

သူရဲ့ နှလုံးသားထဲမှာ
အချစ် အမုန်း မာနတစ်လီ
ဆွဲဆောင်မှုအပြည့်နဲ့ စွဲမက်စရာ
အားလုံးထဲမှာ ဘုရင်မဖြစ်...

ထိုမာန နှလုံးသားကိုတူး
နဖူးကချွေး ယီးလေခိုစီး
ကောင်လေး နှလုံးသားထဲမှာ
မိုးသည်းနေပြီ....

ကောင်လေးကမ္ဘာမှာ သူမ မရှိလျှင်
နေဟူသည်မရှိ.... ပကတိအမှောင်
ကြယ်ရောင်လရောင်..... ပိုးစုန်းကြူးရောင်
ဘာရောင်မှမရှိ သဘာဝအလှတရားနတ္တိ
မာနရှင်ရဲ့ အချစ်ရေစက်ကျမှ
အလင်းဖြာထွက်...

ယမ်းဘီလူးခွဲသည်အလာ
မာနနှလုံးသားကို ထုခွဲ
သို့ပင်မဲ့ အမုန်းရောလျက်
မာနရောလျက်
အသက်ရှုကျက်
နှလုံးသွေးရပ်မတတ်.....

မာနရှင်နှလုံးသားထဲမှာ
ကောင်းလေးအတွက်
အမုန်းရေစိမ့်ကျ
ကျသည့်ရေက ငရဲမီးဓာတ်
အမုန်းဓာတ် မာနဓာတ်
ပူလောင်လိုက်သည်ဖြစ်ခြင်း
ယမမင်းထံ အယူမခံရ......

သူမှာတော့ ချစ်လိုက်ရတာ
နေ့လား.................ညလား...

မာနရှင်နှလုံးသားထဲမှာ
အချစ်ဓာတ် အကြင်နာဓာတ်
ကိုရှာဖွေနေသော ကောင်လေး
စိတ်ကသူ့နားဘဲရောက်
ဘယ်လိုပင်ဒုက္ခရောက်စေ
တစ်ယောက်တည်းကိုသာချစ်တဲ့
မာနရှင်လေး.............

အဆိပ်ခွက်

4 comments:

kiki said...

မာနရှင် ကို သတိထား ပါ .. နောင်တ ... နောင်တ .. ဟီးဟီးး အဆိပ်ခွက်တော့ ဘယ်နေ့ ကွဲ မလဲ ...

အလိုလေးး
(၁) ရတယ် ဝေးးး ။။ အဟက် ..

Angel Shaper said...

ဟဲ့။။။ ခွက်ခွက်။။။
မာနရှင်နားပဲ ရောက်မနေနဲ့လေ...မာနတွေ ထပေါက်ကွဲနေမှ ခံနေရဦးမယ်။
ခင်မင်၍သတိပေးသွားပါသည်။ ဟဲဟဲ

"မင်းကိုချစ်တဲ့သူ" said...

မာနရှင်က စွဲဆောင်မှုပိုရှိလို့လား???
ဒါဆိုဘုရင်မတိုင်းက မာနရှင်ပေါ့နော် :P
ဟုတ်ပါတယ်... ဆန်းကြယ်လှတဲ့ အချစ်ပင်လယ်မှာ
နှလုံးသားဆိုတာ ရွက်လှေလေးတစင်းလောက်ပဲကြီးတာ...
သယ်ရင်း... တစ်ခုတော့ သတိပေးလိုက်မယ်...
လောကကြီးမှာ ကုရအခက်ဆုံးရောဂါက မာနကြီးတဲ့ရောဂါပဲ...
မင်းရဲ့ဘုရင်မလေးတစ်ယောက် မာနတွေပျောက်လို့ မင်းအနားမြန်မြန်ရောက်ပါစေကွာ...


ခင်တဲ့

Unknown said...

မာနရှင်လေးရေ....

သတိလည်းထားအုံးနော်...

လောကကြီးနဲ့လူတွေက နေရာတိုင်းမှာ မရိုးစင်းဘူးတဲ့....

သိပ်ချစ်လွန်းတော့လည်း သိပ်ပြီးခံစားရပြန်တာပဲလေ....


ပျော်ရွှင်ပါစေ ညီငယ် အဆိပ်ခွက်လေးရေ...

ခင်မင်စွာဖြင့်
ပြည့်စုံ