Sunday, August 2, 2009

ကျွနုပ်အိပ်ခဲ့သည့် ပရလောကရွာ(ဇာတ်သိမ်းပိုင်း)

ထိုနောက် လူတစ်ဦးဦးက မီမွှေးရန်အတွက် ထင်ချောင်းများတစ်ချောင်းကို ခုတ်ဖြတ်နေသံကိုလည်းကြားရ ပြန်ပါသည်။ကလေးငယ်များ၏ငိုသံများ နံနက်စောစာ အလုပ်သွားရန် ပြင်ဆင်နေကြသည့် အသံများနှင့် မိန်းကလေးတစ်ယောက် နံနက်စာချက်ရန်အတွက် မောင်းထောင်းဆန်ဖွပ်နေသံကိုလည်း ထူးခြားစွာ ကြားနေရသည်ကိုကျွန်ုပ် ကျိန်ဆိုပင် ပြောရဲပါသည်။(ရွာငယ်တစ်ရွာသည် အနီးတစ်ဝိုက်တွင် ရှိနေသည့်ပုံ ဖြစ်ပါသည်။) ထို့နောက် အသံများ ငြိမ်သွားပြန်ပါသည်။

မကြာမီ တစ်စုံတစ်ယောက် အိပ်ရာမှ ထလာသံကို ကြားရပြီ မီထွန်းထားသော မီအိမ်တစ်ခု၏ မီတောက် ကိုမြင်လိုက်ရပါသည်။ ထိုမီအိမ်၏ အလင်းနောက်ခံဖြင့် တပည့်များ သည် ကျွန်ုပ်ရှေ့တွင် လှုပ်ရှားနေကြ သည်ကို တွေ့မြင်လိုက်ရပါသည်။

ကျွန်ုပ်သည် အိပ်ရာပေါ်သို့ရုတ်တရက် လှဲချလိုက်ပြီ အိပ်ပျော်နေဟန် ဆောင်နေလိုက်ပါသည်။ကျွန်ုပ်၏ တပည့်သည် နောက်ဆယ်မိနစ် အတွင်း ကျွန်ုပ်အတွက် လက်ဖက်ရည်တစ်ခွက် ယူဆောင်လာပါလိမ့်မည်။သူ သည် ကျွန်ုပ်ကို လှုပ်နှိုးလိမ့်မည် မဟုတ်ပါ။

အကြောင်းမှာ ဥရောပတိုက် သားတစ်ယောက်ကို ရုတ်တရက် နှိုးလိုက်ပါက သူ၏မိခင်တိုင်းပြည်သို့ သွားရောက်နေသော သူ၏ဝိညာဉ်သည် ပြန်လာရန် အချိန်လုံလောက်မှုမရှိနိုင်ပါ။

ထို့ကြောင့် သူ့ဝိညာဉ် သို့မဟုတ် လိပ်ပြာကို ငြိမ်သက်စွာ နှင့် ဖြည်းညင်းစွာ ပြန်လာနိုင်ရန် အချိန်လုံလောက် စွာပေးရမည်ဟု မြန်မာတို့က တွေးဆ ယုံကြည်ကြပါသည်။

ကျွန်ုပ်သည် မျက်စိတစ်ဝက်ဖွင့် ပြီကြည့်နေသဖြင့် ကျွန်ုပ်၏တပည့် ကျွန်ုပ်ထံ ချဉ်းကပ်လာနေသည်ကို မြင်နေရပါ သည်။သူသည် တစ်စုံတစ်ခု ကိုမတော်တဆ ဝင်တိုးမိပုံမျိုးနှင့် ဝင်တိုးလိုက်ပြီချောင်း ဟန့်သံပေးကာ တိုက်မိသော သူ၏ခြေထောကို ပြဿနာလုပ်လိုက်ပါသည်။

ကျွန်ုပ်သည် အခြာတစ်ဖက်သို့ စောင်းလှည့်လလိုက်သောအခါ “နှင်းကွဲ နေပြီ သခင်” ဟုသူက သတင်းပို့ပါသည်။ ကျွန်ုပ်သည် လာပို့သော လက်ဖက်ရည်ကို ချက်ချင်းသောက်ချ လိုက်ပြီ အဝတ်အစားများ ချက်ချင်းကောက် ဝတ်လိုက်ကာ ထိုနေရာမှ အချိန်မဆိုင်းဘဲ ချက်ချင်းထွက်ခွာ သွားရန် ဆန္ဒပြင်းပြလျက် ရှိနေခဲ့ ပါသည်။

ကျွန်ုပ်၏လူများသည်လည်း ခါတိုင်းကဲ့သို့ မဟုတ်ဘဲ ငြိမ်သက်စွာ လှုပ်ရှားလျက်ရှိနေ ကြပါသည်။ ဆင်များဝန် တင်ရန်အတွက် ရောက်ရှိလာကြပုံမှာလည်း တစ္ဆေများ ပေါ်ထွက်လာသကဲ့သို့ နှင်းမှုန်ထဲမှာ ရိပ်ခနဲ ရိပ်ခနဲ ဖြင့် ပေါ်ထွက် လာသည်ကိုလည်း တွေ့မြင်နေရပါသည်။

ကျွန်ုပ်သည် ရှေ့မှနေပြီ ရွာလူကြီတစ်ဦနှင့် အတူ တောင်ကြောအတိုင်းဦဆောင် ထွက်ခွာလာခဲ့ရာ ထိုလူကြီ နှင့် တစ်နာရီခန့်ကြာသည်အထိ စကား လုံးဝမပြောဖြစ်ခဲ့ပါ။

ကျွန်ုပ်တို့သည် အထက် “မြိုင်ချောင်း” ရေနုတ်မြောင်းနေရာသို့ ရောက်သောအခါ ရွာလူကြီကို ညတုန်းက အိပ်ခဲ့သည့်နေရာ အကြောင်း မေးမြန်လိုက်ပါသည်။

“ဟုတ်တယ် သခင် အဲဒီနေရာဟာ ရွာပျက်ကြီတစ်ခုပဲ”

ဟု ထိုလူကြီက ဖြေပါသည်။ ကျွန်ုပ်သည် ထိုအချိန်က တစ်စုံတစ်ရာ ထင်မြင်ချက်မပေးခဲ့ပါ။ သို့သော် ထို့နေပိုင်း စခန်းချသော အခါ ကျွန်ုပ်တပည့် ကို “ညတုန်းက အိပ်ခဲ့ တဲ့စခန်းမှာ တစ်စုံတစ်ရာ ဆူညံသံ များကြား မိသလား” ဟု မေးခဲ့ပါသည်။

“မကြားမိပါဘူး ကျွန်တော်တို့လဲ ဘာမှတော့ မဖြစ်ပါဘူး ဒါပင်မယ့် ကျွန်တော်တို့ မနက်အစောကြီ သခင့် ပစ္စည်းတွေ ဆင်ပေါ်တင် နေတဲ့ အချိန်မှာ အရမ်းကြောက်လန့်နေခဲ့ကြပါတယ်။ ဆင်သမားတစ်ယောက် ကပြောတာတော့ သခင်ညတုန်းက အိပ်ခဲ့တဲ့ နေရာဟာ ဇီး(ဆီး)ဖြူပင်တွေ ပေါက်နေတဲ့ ရွာပျက်ကုန်းတစ်ခုလို့ သိရပါတယ်။”ဟု တပည့် က ပြောပြပါသည်။

“အဲရွာက လူတွေ ဘယ်ရောက် ကုန်ကြပြီလဲ”ဟုဆက်မေးလိုက်သောအခါ တပည့် က

“အဲဒီရွာကလူတွေ ကာလဝမ်းရောဂါဖြစ် လို့ အကုန်သေသွားကြတယ်လို့ ကြားဖူးပါတယ် သခင်”ဟုပြန်ဖြေ ပါသည်။ ကျွန်ုပ်၏ ဆင်သမားများကလည်း “ရွာဆိုး” ဟုခေါ်သော ရွာပျက်တစ်ခု ထိုနေရာအနီး တစ်ဝိုက်တွင် ရှိခဲ့ဖူးကြောင်း သို့သော်ထိုရွာဆိုး နေရာကိုမူ ယခင်က တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးကြောင်း ပြောပြကြပါသည်။

“သခင် အဲဒီ ရွာဆိုးကို ညတုန်းက ရောက်ခဲ့ပြီပြီပဲ ဘာမှ စိုးရိမ် မနေပါနဲ့တော့ သခင်ဟာ ကံကောင်းသူ ဖြစ်ပါတယ်။နတ်ကလဲ သခင့်ကို ချစ်တယ်။သခင်ကလဲနတ်ကို အရိုအသေပေးတယ်ဆိုတော့ နတ်က သခင့်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး” ဟုလည်း တပည့်ဖြစ်သူ ကပြောပြပါသည်။ထို့နောက် သူသည် ဘာမျှဆက်မပြော တော့ ပါ။ထိုကိစ္စကို ဆက်ပြီ မဆွေးနွေး လိုသောကြောင့်တမင်တကာ ရှောင်နေပါတော့သည်။

ထိုညက ကျွန်ုပ်တစ်ဦတည်းနတ် သို့မဟုတ်တစ္ဆေ သို့မဟုတ် ပရလောကသားများရှိသောရွာတွင် ရှိနေခဲ့ခြင်း မဟုတ် ပါဟုခံစားမိခဲ့ပါသည်။

ကျွန်ုပ်၏လူများသည်လည်းကျွနု်ပ် ကဲ့သို့ပင်တွေကြုံ ခံစားကြရပါလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်ပြန်တွေးကြည့် လျှင် ပြန်ပေါ်လာသောထိုထူးဆန်း သည့် ရွာကလေးအကြောင်းကို ကျွန်ုပ် စိတ်တွင် အမှတ်ထင်ထင် ရှိနေခဲ့ပါတော့ သည်။

********************************************************************

(J.H.Williams ရေးသော El-ephant Bill မှကောက်နုတ်ဖော်ပြ ခြင်းဖြစ်ပါသည်။)

ကျေးဇူးတင်ပါတယ်...



အဆိပ်ခွက်

2 comments:

Anonymous said...

စိတ်ဝင်စားစရာကောင်းတဲ့ဇတ်လမ်းလေးဗျာ

မိုးခါး said...

အဲလိုစာတွေ ဖတ်ရတာ ကြိုက်တယ် ..း)
နောက်လည်း များများရေး :D