Monday, August 10, 2009

အဆွေးသမားလေး ..

တစ်နေ့ တစ်နေ့ ငါတွေးနေတာ
မင်းအကြောင်းတွေ....
မင်းကရော.. တစ်နေ့တစ်နေ့
ဘယ်သူအကြောင်း
တွေးနေလဲ....

ငါ့ဘဝမှာ မင်းကိုသာ ချစ်ခဲ့တယ်...
ဒါပင်မဲ့ မင်းဘဝမှာ ..
ဘယ်နှစ်ယောက် ကိုချစ်ခဲ့ဖူးလဲ..

ဒီလို အတွေးတွေနဲ့
ညညဆို အိပ်မရ...
မင်းဓာတ်ပုံလေးထုတ်..
ကော်ဖီခွက်လေးကို ကိုင်းပြီး..
ကြယ်စင်လေးတွေကို ကြည့်ရင်း..
လွမ်းဆွတ်တမ်းတနေသူပါ...

ဒီလို အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ..
ငါ့ရဲ့ရင်ထဲမှာ... မင်းကို ဘယ်လောက်ချစ်တယ်..
ဆိုတာကို အမြဲတမ်း မင်းဘေးနားမှာ ထိုင်ရင်း...
နှစ်ကိုယ်တူ တေးသီချင်း...
တေးတွားလေးတွေ ညင်းချင်သူပါ....

မိုးရွာတိုင်းလဲလွမ်း...
မိုးလင်းတိုင်းလဲလွမ်း...
မိုးဖွဲတိုင်လဲလွမ်း..
မိုးတိတ် တိုင်းလဲလွမ်း...

နေ့တိုင်းလဲ သတိရ..
ညတိုင်လဲ သတိရ..

မင်းကရော သတိမှရရဲ့လား....

ဘာမှန်းမသိ လွမ်းဆွေးနေသော..
ကောင်းလေး တစ်ယောက်..။

အဆိပ်ခွက်

5 comments:

Sein Lyan Tun said...

လွမ်းတတ်လိုက်တာ ညီရာ။။။


အချိန်တိုင်းလွမ်းနေတယ်ပေါ့....

လွမ်းစရာ တွေ ရင်မှာပွေ့လို့

အလွမ်းတွေ ကို တွေးတော ငေးမော

အော် ...ဒီအလွမ်းတွေကို လွမ်းရပါလားး.....


လွမ်းချင်းတွေကို လွမ်းတဲ့ အကိုတစ်ယောက်ဖတ်သွားပါတယ်

အလွမ်းများနဲ့

ချစ်တဲ့

ဖိုးစိန်

Anonymous said...

အမတွေနဲ့ ပေါင်းပြီး မောင်တွေအားလုံးလည်း ကွဲကုန်ပြီနဲ့ တူပါတယ်။ :)

Anonymous said...

ဘယ်သူ့ ကို လွမ်းနေတာလဲ ? :)

တောင်ပေါ်သား said...

အမတွေ ကွဲတာက ပြဿနာမဟုတ်ဘူးဟေ့
မင်းကွဲလို့ကတော့ သွားပြီ တကယ်။

အမတွေက ၀ါရင်တော့ ခံစားနိုင်တယ်
မင်းက ခုမှ ငယ်ငယ်လေး မကွဲစေနဲ့ကွ

လေးစားလျက်
တောင်ပေါ်သား

သက်ပိုင်သူ said...

လာတယ်
ရောက်တယ်
ပြန်တယ်
လွမ်းသွားတယ်