Tuesday, August 25, 2009

ရင်တွင်းဖြစ်-၁

မင်းလေးရဲ့ အသံ ...
တရက်မျှမကြားရရင်ဖြင့်...
ကိုယ့်မှာ..
လွမ်းတွေ ထွေးပိုက်လို့..
မင်းဖုန်းနံပတ်လေးကို နှိပ်ကာ..
ဆက်မိပြန်တယ်...
အော်.. ငါမင်းကိုလွမ်းလိုက်တာ...
မင်းရဲ့အသံ..
မင်းရဲ့ရယ်သံ..
မင်းရဲ့ ချိုသာတဲ့..
စကားသံလေးတွေဟာ..
အိမ်မက်ထိအောင်..
ယောင်ယောင်ပြီ ကြားယောင်မိနေတယ်..
ငါထင်မိတယ်...
လူတစ်ယောက်က လူတစ်ယောက်ကို
တကယ်ချစ်လာပြီဆိုရင်
မာရ်နတ်ရဲ့ လက်တစ်ထောင်ကလည်း
ကြာကနေ ဖြန့်ကာ တားဆီးလိုမရပါလား...
အော်ငါတို့လဲ ဖုန်းလေးကိုခိုးပြောရတဲ့
အဖြစ်ပါလာ...
အဆိပ်ခွက်


9 comments:

Phyo Maw said...

ခိုးပြေးပါ။ အားပေးပါတယ်။
နေစရာမရှိရင်ပြော...
ကူညီနိုင်မယ့်လူ ရှာပေးမယ် စိတ်ချ

မငုံ said...

:) ဖုန်းခိုးပြောရတဲ့ဘ၀ပါလားနော်..ကဲ ခွက်ခွက်ရေ မာန်နတ်ရဲ့လက်တထောင်ကနေ လွတ်မြောက်ပါစေနော့။

Unknown said...

အဆိပ်ခွက်ရေ....

ထပ်တူခံစားမိပါတယ်....

လွမ်းရလွန်းလို့ အလွမ်းတွေက အလွမ်းနဲ့တောင်မတူတော့သလိုပဲဗျာ....

ကိုယ့်ကိုကိုယ် သတ်သေနေရသလိုပါလေ....
အဲဒါအချစ်ပဲဗျ....

ပျော်ရွှင်ပါစေ...
ဖုန်းခိုးပြောရတဲ့အဖြစ်လေးတွေကင်းဝေးပါစေဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

မိုးခါး said...

ဖြိုးမော်က သူကူညီမယ်တော့မဟုတ်ဘူး
ကူမယ့်လူရှာပေးဦးမှာတဲ့
ဖုန်းခိုးမပြောချင်ရင် အပြင်ထွက်ပြောပေါ့ဟ
:P

Anonymous said...

ဖုန်းဖိုးတွေ တက်နေဦးမယ်..
သိပ်မခေါ်နဲ့ သိလား.. :)

Dream said...

အဟား..... ဖုန်းခိုးဆက်ရတဲ့ ဘ၀လေးပါလား..သနားစရာ...ဟင့်..ပြောရင်းနဲ့ နိုချင်တွားပီး..ဗြဲ.. ကဲ..ဦးဦးပီအမ်က ကူညီမယ့်လူကိုရှာပေးမယ်တဲ့။ နေစရာ မရှိရင် သူ့အိမ်မှာသွားနေ.... သိလား.... မာန်နတ်မလာအောင် တားထားပေးမယ်...

ကောင်မလေးက ပြောနေတယ်နော်..ဟိဟိ။

မေဇင် said...

ဘာလို့ ခိုးပြောနေလဲ...ပေါ်တင်ပေါ့...း)

Anonymous said...

ဖုန်းခိုးပြောတာပိုကောင်းပါတယ်

Anonymous said...

ဖုန်းခိုးပြောတာရင် ရင် တုန်တယ်ကော်ဖီမ သောက်နဲ့ :-!