Sunday, September 6, 2009

ကျနော့်ကို အမြင်ကပ်ကြသော အကြောင်းအရင်းများ

ဝက်ဝံရယ်.. တစ်ခု မပြီးသေးဘူး နောက်တစ်ခု ထပ်လာပြီ... ရေးပေးဆိုတော့လဲရေးပေးတာပေါ့.. ဒါပင်မဲ့ခေါင်းစဉ် က စိတ်ထဲမှာ တစ်မျိုးဘဲ အမြင်ကပ်သောအကြောင်းအရင်းများ...တဲ့..

ကျနော် ကို အမြင် ကပ်တဲ့အကြောင်းအရင်း ကတော့ ကျနော် မသိဘူးး... ကျနော့်  ကို လဲဘယ်သူကမှ မင်းကို အဲဒါကြောင့် အမြင်ကပ်တယ်လို့လာမပြောဘူး...ပြောရဲပြောကြည့်ပါလာ..(မုန့်ဝယ်ကျွေးလိုက်မယ်.. :P) လူတစ်ယောက်ကို အမြင်ကပ်တာကို အဲလူရှေ့မှာသွားပြောရင် ဘယ်ကြိုက်မှာလဲ.. ချောင်းရိုက်ခံရမှာ..ပေါ့.. နောက်မှာ တိတ်တိတ်လေး ပြောကြတာပေါ့.. သိရင် အဆဲခံရမှာဆိုးလို့လေ...
ကျနော့်ကို အမြင်ကပ်တဲ့လူတွေလဲရှိမှာဘဲလေ.. ဒါဟာလူတစ်ယောက်ရဲ့ချို့ယွင်းချက်ကိုကြည့်ပြီ... အပြစ်ပြောပြီ အမြင်ကပ်ကြတာလို့ထင်တယ်.. ၁၀တန်းတုန်းကဆို ကျနော်ကိုဆရာမ တွေက အမြင်ကပ်မှာသေချာတယ်.. ဘာလို့လဲဆိုတော့ ၁၀ တန်းတုန်းကဆို.. အတန်းထဲမှာ စာမေးပွဲ အမြဲကျလို့.. ဆရာမတွေက အမြင်ကပ်တာတော့သိတယ်.. အဟက်.. ကျောင်းကို scholl ဖိနပ်မစီးရဘူးဆိုလဲ စီးသွားတယ်... ဆရာမတွေရဲ့ မျက်စိမှာ ကိုလို့ကန့်လန့် လူပေါ့ဗျာ.. ကျောင်းမှာဆိုလဲ ဖြေတိုင်းကျ.. တာ ကျနော်ပါလို့ သီချင်းတောင်စပ်လို့ရတယ်...း)
နောက်ပြီ ဂျီတော့မှာဆိုရင် ကျနော် က မသိတဲ့လူဆိုရင် စကား ကောင်းကောင်းမပြောဘူး.. ကျနော့် ကို လာရစ်ရင် ဘယ်သူဖြစ်ဖြစ် block လိုက်တယ်.. နောက်ပြီ အပြင်မှာ တွေမှ သူက ဒီအကောင့်ပါဆိုပြီ အပြင်မှာတွေ့လဲအားမနားဘူး.. ဘာလို့လဲဆိုတော့ ကျနော် က စတွေ့ထဲက မေးတယ် ဘယ်သူလဲဆိုတာကို .. အဲဒါကို မဖြေရင်တော့ သိတဲ့အတိုင်းဘဲပေါ့ ...ကျနော်ကတော့ ကျနော် မသိတဲ့လူဆိုရင် ကျနော်က ကောင်းကောင်းပြောမှာမဟုတ်သလို့ ကျနော်ကို လာမရစ်နဲ့ ရစ်ရင် block ပြိဘဲ.. block ပြီရင်လဲ unblock ပြန်လုပ်ဖို့ စိတ်ကူမရှိတော့ဘူး.. အဲဒါကို ကျနော်ကို အမြင်ကပ်ချင်ကပ်ကြမှာဘဲ...
ဒီလောက်ဘဲ ကျနော် သိတယ်..

တခြားအကြောင်းတွေလဲရှိမှာပေါ့နော်.. ကျနော် မသိလို့နေမှာပါ..
ကျနော် က အေးအေးဆေးဆေးနေတတ်တာများတယ်... အဲဒါကြောင့်လဲမသိတာနေမှာပါ...နောက်ထပ်လဲရှိအုံးမှာပါ.. ဒီလောက်ဘဲ နားတော့မယ်နော်... နောက်ထပ်ပြောရင် အမြင်ကပ်တာတင်မဟုတ်ဘဲ .. ချောင်းရိုက်ကြတော့မှာ :P

ကျနော် နောက်ထပ်လူတွေကိုလက်ဆောင်ပေးလိုက်မယ်...
၁)မကြီးရောင်ပြန်
၂)မမိုးခါး
၃)ဦးရှင်ကြီး
၎)ကိုတောင်ပေါ်
၅)ကိုဖိုးစိန်
၆)မမလေး
၇)ကိုရေတမာ.
၈)မကောင်းကင်ပြာ
၉)ကိုပြည့်စုံ
၁၀)ကိုမိုးကုတ်သား..
၁၁)မငုံ
၁၂)မကီ

ရေးပေးကြပါရန်.. အမိန့် စလုံးပေါင်ချိန် :P

အဆိပ်ခွက်

9 comments:

Unknown said...

အမြင်ကပ်ရခြင်းအကြောင်းအရင်းတဲ့...

ဟုတ်ကဲ့ပါဗျာ ကြိုးစားပြီး အမြင်ကပ်ခြင်းတွေကို ပုံဖော်ပေးပါ့မယ်...

အဆိပ်ခွက်ပြောသလို ချောင်းရိုက်ခံရတော့မယ်... ကြာလာရင်... :P :P :P

မေဇင် said...

တယ်...ဒီအပြစ်လောက်လေးတွေနဲ့...ငါ့ မောင်လေး အဆိတ်ကို အမြင်ကတ်ကြတယ်လား...တော်တော်လေးကို သည်းခံနိုင်ကြတယ်နော်...။ :P

အင်း...ငါ အဆိတ်ခွက် ကို ဘာအကြောင်းကြောင့် အမြင်ကတ်ပါလိမ့်....။ စဉ်းစားလိုက်ဦးမယ်...။ နောက်နေ့ မှလာပြောပြမယ်နော်.... ၀က်ဝံလေး....း)))

Anonymous said...

အမြင်ကို ကတ်တယ်.. :P

မိုးခါး said...

ငါကတော့လေ -----
ဝူးဝါး ၀ူးဝါးနဲ့ လာလာရစ်ရင် အမြင်ကတ်တယ်
အသည်းအသန် အသက်ထွက်တော့မလို လာလာလောပြီဆို အမြင်ကတ်တယ်
အလုပ်ချိန်ပါ အလုပ် လုပ်နေပါတယ်ဆိုတာကို ဖုန်းတဂွမ်ဂွမ်နဲ့ နားပူနားဆာ လာလုပ်ပီး စိတ်ကလည်း ကောက်သေး အဲလိုဆို အမြင်ကတ်တယ် .. ဘာကျန်သေးလဲ မသိဘူး
သတိရရင် ထပ်လာရေးမယ် .. :P
(အလကားပြောတာပါ .. ငါ့မောင်လေးက လူလားတောင် မမြောက်သေးဘူး .. ရည်းစားလေး ကြုံမှ ထားတတ်တာက လွဲရင် :P)

ဝက်ဝံလေး said...

ဟဲ့ ငါလဲ နင့်ကို အညင်ကတ်တယ် ဟွင်းးး ငါ့ကို အားကြီးရစ်လို့ ပြီးတော့ ပြောလိုက်သေးတယ် ဟွင်းးးး မကျေနပ်ရင် block လုပ်တဲ့ ငါက နင့်လိုမဟုတ်ဘူး ကောင်စုတ်ရဲ့ ဟွန်းးး ဘယ်သူ့ကို မှ block မလုပ်ဘူး နင်သာ အားတိုင်း ယားတိုင်း block နေတာ ဟွန်းးး ပြောချင်ဘူး

ကျေးဇူးးး ငါ့ တဂ် ရေးပေးလို့နော် ရှဲရှဲ နီ ဘိုင် တာ့တာ

Anonymous said...

မဟုတ်တာ စလုပ်တယ်နော်။ ဒီမှာ အိုးတွေ ခွက်တွေ သိမ်းလို့မပြီးသေးဘူးဟ။
နောက်မှ ရေးမယ်နော်။

တောင်ပေါ်သား said...

အာ ဒီကောင်တော့ တခုပြီး တခု တက်ဂ်နေတာပဲ အမြင်ကို ကတ်တယ်း)


လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

မကြီး စာမရေးပါဘူးဆိုတာ ခနခန တဂ်လို့ အမြင်ကတ်တယ်..

Ree Noe Mann said...

ငါ့ညီက ချစ်ဖို့ကောင်းပါတယ်။

ဟီးဟီး သူ့တက်ခ့်တာ မခံရလို့ပါ။

လူစုံပြီးဆိုရင် ပြန်မယ် ကြည်းပြောနေတာကို အမြင်ကပ် တယ်။

ခင်တဲ့ ကိုရီနို