Tuesday, September 22, 2009

စောင့်နေပါ့မယ်...

“မ” ရေ *****
မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“မ”ရေ.....“မ” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။

လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မ”သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ..........
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မ”ရဲ့နေရာမှာ ......
ကျနော်တို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။

အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“မ” ရေ.....ကျနော့် ပုခုံးကိုဖက်ပြီ
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
ကျနော် စောင့်နေပါမယ်............။

အဆိပ်ခွက်

23 comments:

မြရေလျဉ် said...

တနင်္ဂနွေထောင့်ရှိတဲ့အရပ် က ခရေပင်လမ်းလေးမှာ ..
နားလည်မှုပြောင်းသွားတဲ့ ချစ်သူနဲ့ ဆုံနိုင်ပါစေကွယ်

"မင်းကိုချစ်တဲ့သူ" said...

အဆိပ်... မင်းက ၀ိုင်လို ချိုတဲ့ကဗျာကို အက်ဆစ်ထက် ပြင်းတဲ့ မင်းနာမည်နဲ့ရေးတော့ ခံစားရတာ တမျိုးပါလား...

အချိန်တန်ရင်တော့ အိမ်ပြန်စရာမလိုပါဘူး
ကံကြမ္မာက အရာရာကို ဖန်တီးပေးပါ
လိမ့်မယ်
အိမ်ပြန်စရာမလိုပဲ ပန်းခင်းလမ်းကို မင်းရဲ့"မ" နဲ့
အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေကွာ...


မင်းကိုချစ်တဲ့သူ

မေဇင် said...

ကောင်းတယ်ကွာ....ကဗျာလေးက....
တနင်္ဂနွေ ထောင့်လေး ရှိပါစေ..။

ဒါနဲ့ ညီမလေး ကဗျာတစ်ပုဒ်လောက်နော်..။း)

emo axel said...

hay kg yay poem ka mite hla kyi lar kwer yay lal lan tal

emo axel said...

hay kg yay poem ka mite hla kyi lar kwer yay lal lan tal

Anonymous said...

အဆိပ်ရယ် ..... ကြီးကြီးကျယ်ကျယ် တော်။ အင်းယားက ခရေပင်လမ်းဆိုပဲ။ အင်းယာမှာ ခရေပင်လမ်း မရှိဘူး။ မင်္ဂလာဒုံမှာပဲ ရှိတာ။ :P
ချစ်လို့ စသွားတယ်။

Mogok Thar said...

ခရေပင်လမ်းမှာ
မ က ပေါ်မလာ
အဆိပ်တစ်ခွက်မှာ
အင်းယားကန်ထဲ ကြွေကျရှာ

(ခင်လို့ နောက်ကာ ကဗျာလေး ဖျက်သွားပါတယ်)

း-)

အကြီးကောင် said...

အေး..ကောင်းတယ်ငါ့ညီ...မင်းကဗျာ...ဒါနဲ့ကြုံလို့..ပြောမယ်နော်...အင်းယားကန်..ကိုများရောက်ခဲ့ရင်လေ.......အကို့အတွက်ဘူးသီးကြော်လေးတစ်ပွဲလောက်...ပါဆယ်ဆွဲခဲ့ပါနော်...း)

မေကဆုန် said...

အင်းယားမှာ စောင့်နေတဲ့ ခွက်ခွက်ကို မြင်ယောင်ပါတယ်.. ထီးလေးရယ်.. ဗယာကြော်ဗန်းလေးရယ်နဲ့... အဟိ
စတာနော်...
အမြန်ဆုံတွေ့ ပျော်ရွှင်နိုင်ပါစေရှင်

ဝသန်မိုး said...

မိုက်တယ် ကွာ
အဆိပ်ကဗျာကတော့
၂ယောက်အတူတူ
့ပုခုံးဖက်လို့ 
အင်းယားရဲ့ ခရေလမ်း မှာ
အတူလှမ်း နိုင် ကြပါစေ ကွာ

ဝက်ဝံလေး said...

ဟဲ့အရက်ခွက် နင်ပြောတော့ နင့်ကောင်မလေးက နင့်ထက် ငယ်တယ်ဆို အခုတော့ ဘီလိုဖစ်တာလဲ ဘာ မ တုံး ဟိဟိ

သံလွင် HeRo said...

နေ့တိုင်းပဲစောင့်နေမိတယ်...ပြန်လာမဲ့
နေ့ရက်တွေ...နေ့တိုင်းပဲကြားချင်မိတယ်
အချိုသာဆုံးသောစကားတွေ...
ဘယ်လောက်ဝေးဝေးငါ့ရဲ့ရင်မှာ မရဲ့အနားပဲ
အမြဲတမ်းရှိချင်တယ်...
...အင်းယားလမ်းက
ခရေပင်လမ်းကိုလျှောက်ရင်း
ဖူဂျီဖြစ်ဖြစ်၊ဂျစ်ကီဖြစ်ဖြစ်၊ဒါမှမဟုတ်ပီပါမှာ
အချိန်တွေဖြုံန်းရင်း ချစ်သောမနဲ့အမြန်ဆုံးနီးပါ
စေဗျာ...

Angel Shaper said...

ခွက်ကြီးရေ...
မင်းက အင်းယားရဲ့ ခရေပင်လမ်းမှာစောင့်နေတာကိုးးးးးးးး
" မ " ကတနင်္ဂနွေထောင့်မှာ ပန်းလေးလှုပြီး မင်းကိုစောင့်နေတာလေ။ မြန်မြန်ပြေးလိုက်သွားတော့။ ဟိဟိ
ခင်ခင်မင်မင် စနောက်သွားတယ်နော်။
ကဗျာလေး ကောင်းတယ်။
အဆင်ပြေပျော်ရွှင်ပါစေနော်။

စိုင်းစိုင်းလားရှိုး said...

လွတ်တော်အနောက်ဖက်မှာ ခရေပင် တစ်လမ်း၊ မင်္ဂလာဒုံ ဥယျာဉ် အိမ်ယာကနေ ဒညင်းကုန်းကို ဖောက်တဲ့ ခရေပင်တစ်လမ်း။ အဓိပတိ လမ်းမှာ လျှောက်တာပဲ ဖြစ်ဖြစ် ၊ အင်းလျားလမ်းမှာ လျှောက်တာပဲ ဖြစ်ဖြစ် လုပ်ပါကွာ ။ ကဗျာက ကောင်းတယ်။ နင်ပြောတဲ့ ခရပင်လမ်းကို ကဗျာဖတ်ရင်း လိုက်ရှာတာ မောနေလို့ ရေသောက်လိုက်ဦးမယ်ကွာ။ အင်းယားကန် အကြောင်း သေသေချာချာ သိချင်ရင် ပန်ပန်ကိုမေး သူတို့အိမ်က အင်းယားကန် ရှေ့မှာ ရှိတယ်။

တောင်ပေါ်သား said...

အရေးအသားတွေ အရမ်းကောင်းလာတယ်ဝေးးးးးး
လုပ်ထားဟ မကြီး မ မ နေနဲ့ဦးး) နင်ခါးနာနေဦးမယ်


လေးစားလျက်
တောင်ပေါ်သား

စိမ်း... said...

အမြန်ပြန်လာပါစေနော်...

မိုးခါး said...

ခံစားချက်တွေ ခံစားချက်တွေး))
လာစေချင်တဲ့လူ အမြန်ပြန်လာပါစေကွယ် .. :D
ညီမလေးကဗျာတဲ့ လုပ်ဦးလေ :P

တလနွန် said...

ချစ်သော မ နှင့် ပြန်လည်ဆုံဆည်းပါစေ။ ကဗျာလေးလှတယ်။

ခင်မင်စွာနှင့်
တလနွန်

kiki said...

"မ" ရေ "မ" ရေ နဲ့  ဘာတွေ မ, ခိုင်း နေတာလဲ ..ဒ

တယောက်တည်း မ မ, နိုင် တော့ဘူးလား ။။
အားဆေးသောက်ပြီး စောင့်မှပေါ့ ..
ခရေပန်းကောက်ပြီး ရောင်းလဲ စီးပွား ဖြစ်တယ် ..ဟိဟိ

ခရေညို said...

အင်းယားရဲ့ ခရေပင်လမ်းမှာ စောင့်နေမယ်စိုတော့ မိုးရွာရင် ဘယ်နှယ်လုပ်မလဲ?

မေလေး said...

မျှော်နေတဲ့ မ အမြန်လာပါစေ
နင်မလဲ အမျိုးမျိုး တတ်တတ်နိုင်တယ်။
မ ဖြစ်သွားပြန်ပီလား

Anonymous said...

ဘယ်က "မ" လဲ ???

ဆောင်းနှင်းရွက် said...

ကြီးတော့ မှီ
ငယ်တော့ ချီ
ဆိုတဲ့ စကားပုံ အတိုင်း
ခုတော့ မ ကို မှီ တော့မယ်ပေါ့ ..>>
အဟိ ..!
နောက်ပြီး
ကြားဖူးတာကတော့
ကောင်လေးက ကောင်မလေး
ပခုံးဖက်ပြီး လမ်းလျှောက်တာပဲ ရှိတယ် ..။
နင် လုပ်မှ
ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ နော် ..း)