Wednesday, September 12, 2012

စောင့်နေပါ့မယ်


“ကောင်မလေး” ရေ ......
မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“ကောင်မလေး”ရေ.....“မင်း” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။

လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မင်း” သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ..........
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မင်း” ရဲ့နေရာမှာ ......
ငါတို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။

အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“ကောင်မလေး” ရေ.....ငါ့ရဲ့ ပုခုံးကိုဖက်ပြီး
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
 စောင့်နေပါမယ်............။

ခင်မင်လျှက်
အဆိပ်ခွက် 
(edit my old poem)

4 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းမှကောင်း

Anonymous said...

အဆိပ် တို့ စာစရေးတာနဲ့ စပြီ .. ဟဲဟဲ .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စံပယ်ချို said...

ကောင်မလေးရေ
အဆိပ်က ခရေပင်လမ်းမှာ စောင့်နေမယ်တဲ့

မိုးနတ်ကြယ်စင် said...

ဟယ်..ကဗျာကောင်းကောင်းလေးအားပေးသွားတယ်နော်
ဆက်ရေး....သိလား..အားပေးနေမယ်နော်
ခင်တဲ့..မိုးနတ်