Wednesday, May 6, 2009

အတွေးနု...

သစ်ရွက်လေးတွေ သစ်ပင်ပေါ်က နေကြွကျသွားပြီ ဆိုရင် ၊ သဘာဝအလျှောက် သစ်ရွက် အသစ်လေးတွေက ထပ်ထွက် လာခဲ့ လေတယ်...
ငါ့နှလုံးသားလဲ ကြေကွဲ သွားခဲ့ရင် ၊ နောက်ထပ် အသစ်ဆိုတာ ရှိနိုင်ပါ့ မလား???
ကြွေနေတဲ့သစ်ရွက်လေးတွေကို လေ တစ်ချက် တိုးဝှေးလိုက်ရင် သစ်ပင်နဲ့ဝေး ရာဆီကို အလိုအလျှောက်ရောက် သွားလေတယ်.....
ငါ့ရဲ့ ကြေကွဲသွားတဲ့နှလုံးသားလေးကို ထပ်လှည့်စားသွားခဲ့လည်း သစ်ရွက်လေးတွေလို အဝေးဆီ မရောက်ဘဲ နင့် နားမှာဘဲ ရှုးမိုက်စွာနဲ့ ဆက်လက်ချစ်နေတာ ငါပါ...
ပင်လယ်ပြင်ထဲက လှိုင်းလုံးလေးတွေက သူနားခို ရမယ့် ကမ်းစပ်ဘယ်နားမှာဆိုတာကို မသိဘဲ အားတင်းကာ ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ ကြားထဲက သူ့ချစ်သူရှိရာ ကမ်းစပ်လေးဆီ အပြေးရောက်လာတယ်..
ငါ့နှလုံးသား ငှက်ငယ်လေးလဲ ခိုးနားရာ သစ်ပင်လေးဆီကို ကြမ်းတမ်းလှတဲ့ မုန်တိုင်း တွေကြားထဲ ကနေ အားတင်းက ပျံသန်းနေ ရင်း မင်း ရဲ့ အရပ်အောက်ရောက်ရင် အပြုံးလေးနဲ့ စီးကြိုနေပါ့မလား...
ရာသီတွေ အမျိုးမျိုး ပြောင်းလဲနေတယ်.. နွေကိုရောက်လိုက် ဆောင်းကိုရောက်လိုက် မိုးကိုရောက်လိုက်နဲ့ အားလုံးက အလိုအလျောက် ပြောင်းလဲနေကြတယ်...
အဲလို ရာသီတွေ ဘယ်လိုပြောင်းလဲပင်မဲ့ .. ငါ့ နင့်ကို ချစ်တဲ့ အချစ်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး...
အဆိပ်ခွက်

2 comments:

တောင်ပေါ်သား said...

အချစ်သည် ဆန်းကြယ်၏ ဒါပဲ သိတယ်ကွယ်.. သစ်ရွက်လေးတွေလိုတော့ တခါတလေ မျောလွှင့်ချင်မိသား...



လေးစားလျက်
တောင်ပေါ်သား

အိုက် ချီ ခန့် said...

ဟဟ... အဆိပ်တော့ကွာ..
မိုက်တယ်...
နင်က အဆိပ်ပဲ ပြင်းတာကိုး..
ငါပြောပြမယ် ငါဆို အသဲမကွဲအောင် ဆေးရည်စိမ်ထားတယ်
ဟုတ်ပြီလား..။
တခါတလေမှာစိတ်ယူထားတဲ့အတိုင်းမဖြစ်လာဘူးလေ.. ခံနိုင်ရည်ရှိဖို့ အရင်ဆုံးစဉ်းစားထား နော်..။

အားကီးပျင်းတဲ့ ငပျင်း (ခီခန့်)