Monday, May 18, 2009

အလွမ်း....

တစ်နေ့တစ်နေ့
မင်းရဲ့ အကြောင်းကို
စဥ်းစားရင်း..
ကဗျာလေးတွေလဲ
သီကုန်းဖြစ်ခဲ့ပြီ....

တစ်နေ့တစ်နေ့
မင်း ကိုလွမ်းရင်းနဲ့
အိပ်ပျက်ညတွေလဲ
များနေပြီ....

ခုလိုဝေးနေတဲ့ အချိန်
ဝေးနေတဲ့ အခိုက်အတန့်
ဒီလို အချိန်လေးတွေမှာ
မင်း လေးကိုယ့်ကို
သတိရ လွမ်းဆွတ်
နေရဲ့လား...

အချိန်တိုင်း မင်းရဲ့
ဘေးမှာနေချင်လဲ..
မဆုံနိုင်သေးတဲ့ ဘဝမို့
သည်းခံ ပေးပါနော်...

တစ်နေ့နေ့တော့
မင်းနဲ့ကိုယ် နဲ့
ခိုင်မာတဲ့ ဘဝတစ်ခု
တည်ဆောက်နိုင်မှာပါ...

အဆိပ်ခွက်

9 comments:

Anonymous said...

လွမ်းလွမ်း မပြီးနိုင်တော့ဘူးနော်။ မကြီးလည်း လွမ်းတယ်ဟာ....


ခင်မင်လျှက်
မကြီး

Sein Lyan Tun said...

ခိုင်မြဲတဲ့အချစ်တို့နဲ့
အနားမှာ မခွဲမခွာ
အချိန်တိုင်းရှိနိုင်ဖို့
ဆုတောင်းပေးခဲ့မယ် ခွက်ခွက်အတွက်
ယုံပါတယ်
စားမဝင်အိပ်မပျော် လွမ်းနေတာကို
မကြီးအိမ်မှာ သက်သေထူထားပါတယ်
ခင်မင်စွာဖြင့်
ဖိုးစိန်

ကောင်းကင်ပြာ said...

ခိုင်မာတဲ့ ဘ၀တခု အမြန်ဆုံး တည်ဆောက်နိုင်ပါစေရှင်

တောင်ပေါ်သား said...

လွမ်းဟေ့ လွမ်း ပိုက်ပိုက်ပေးစရာ မလိုဘူး
ငါတော့ လွမ်းစရာ မလိုဘူး အဟီးးးးးး


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

သြော် .. လွမ်းနေသကိုး ..း)
ဆန္ဒတွေပြည့်ဝပါစေ ..

Unknown said...
This comment has been removed by the author.
Unknown said...

လွမ်းနေတာကိုး ငါ့ညီက
ဒါကြောင့် ကိုးးးးးး

ကြယ်ဖြူစင် said...

လွမ်းနေပါတယ်ဆိုမှအလွမ်းကဗျာနဲ့လာတိုးနေတယ်...ပိုလွမ်းသွား ပြီမောင်လေးရေ..
မမကြယ်ဖြူစင်

စိုင်းစိုင်းလားရှိုး said...

အဆိပ်ရေ လက်ရာကောင်းလေးပဲ ဆက်လွမ်းပါ ဆက်ရေးပါ...
အားပေးနေတယ်..။